6/10/2010

လှောင်အိမ်

ငါကိုယ်တိုင်
အချုပ်အနှောင်တွေနဲ့ နေရတဲ့အခါ
တချိန်က လွတ်လပ်မှု အပြည့်အ၀ပေးခဲ့တဲ့
မင်းကို......
သတိရမိပါတယ်....။
"ချစ်တယ်" ဆိုတဲ့ အကြောင်းပြချက်နဲ့
မင်းကို
ဘယ်လောက်တောင် ချုပ်ခြယ်မိခဲ့သလဲ ..
ငါတွေးကြည့်မိပါတယ်...။
တကယ်တော့
မင်းကို ငါတကယ် မချစ်ခဲ့ပါဘူး။
ဘာလို့လဲဆိုတော့...
မင်းရဲ့ လွတ်လပ်မှုကို ငါမမြတ်နိုးမိခဲ့လို့လေ...။

2 comments:

နွေဆူးလင်္ကာ said...

အချုပ်ထဲမှာ ရေးထားတာတော့ မဟုတ်လောက်ပါဘူးနော်။

မေအိ said...

ဟားဟား.. ဖွဟဲ့
မဟုတ်ရပါဘူး.. အချုပ်နဲ့ ခပ်ဆင်ဆင် အချိန်မှာ
ရေးမိသွားတာပေါ့...