12/27/2008

Zebra Question ............. (by Shel Silverstein)


I asked the zebra,
Are you black with white stripes?
Or white with black stripes?
And the zebra asked me,

Are you good with bad habits?
Or are you bad with good habits?
Are you noisy with quiet times?

Or are you quite with noisy times?

Are you happy with some sad days?
Or are you sad with some happy days?
Are you neat with some sloppy ways?
Or are you sloppy with some neat days?

And on and on and on and on

And on and on he went.
I'll never ask a zebra

About the stripes

Again.


ဒီကဗျာလေးကို ဖတ်ပြီးတွေးစရာလေးတွေ ပေါ်လာတယ်
တို့လဲ သူ့ကိုမေးချင်တယ်..

Is your love for me with some hatred ?
Or is your hatred on me with some love?

12/12/2008

Smile

Can you spare me a smile?
Mine has slip away.
Just spare me one smile
Just for one day?

I need to borrow a smile; it is gone for today
I think that someone has taken my smile away.
I wonder for how long?
I hope for just today.
So please, spare me a smile
Mine is gone today.




Rachel Dansart ဒါလေးက မူရင်းပါ

အပြုံးတစ်ပွင့်

အပြုံးတစ်ပွင့် ပေးနိုင်မလားကွယ်
တို့အပြုံးက ပြေးထွက်သွားပြီဆိုတော့လဲ.....၊
အပြုံးတစ်ပွင့်လောက်သာ ပေးပါ
တစ်နေ့ထဲအတွက်ပါပဲ...။

အပြုံးလေးတစ်ပွင့် ငှားဖို့လိုနေပြီ
ဒီနေ့မှာ ပျောက်ဆုံးနေပြီမို့..။
တို့အပြုံးကို တစ်ယောက်ယောက် ယူသွားတယ်ထင်ပါရဲ့
ဘယ်လောက်ကြာမှာလဲ ..သိချင်လှတယ်
ဒီနေ့ အတွက်ပဲ ဖြစ်ပါစေတော့...။
ဒါကြောင့် ကျေးဇူးပြုပြီးကွယ်
အပြုံးတစ်ပွင့်ပေးလှည့်ပါ
တို့အပြုံးလေး ဒီနေ့မှာ ပျောက်သွားလို့...။

Trs မိုးစက်

--
www.gypsydoll16.co.cc

12/06/2008

A Thought to Remember

A Thought to Remember

I
t would bring me more joy than I can say
if you would never forget
- not even for a single day -
how wonderful you are...
in my eyes and in my heart

I'm so often at a loss to find the words
to tell you how much you mean to me,
In my imagination, I compare you with
things like the sunshine in my mornings
the most beautiful flowers in the fields, and
the happiness I feel on the best days of all.

You're like the answer to a special prayer,
And I think God knew
that my world needed
someone exactly like you.

Collin McCarty

သတိရဖို့ အတွေးတစ်စ

ကိုယ့်မျက်စိထဲမှာ ကိုယ့်နှလုံးသားထဲမှာ
မင်းဟာ ဘယ်လောက် အံ့သြဖွယ်ရာ ကောင်းတယ်ဆိုတာကို
တစ်ရက်တောင်မှ မင်းမမေ့ရင်
အဲဒါက ကိုယ်ပြောနိုင်တာထက် ကိုယ့်ကို
ပျော်ရွှင်မှု ပီတိ ပိုပေးပါလိမ့်မယ်။

မင်းဟာ ကိုယ့်အဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပြောဖို့
မကြာခဏပဲ စကားလုံးတွေ ရှာမရတော့ဘူး..
ကိုယ့်စိတ်ကူးထဲမှာ ၊ ကိုယ့်မနက်ခင်းတွေက နေရောင်ခြည်လို
လယ်ကွင်းတွေထဲက အလှဆုံး ပန်းပွင့်တွေလို
အကောင်းဆုံးရက်တွေအားလုံးမှာ ကိုယ်ခံစားရတဲ့ပျော်ရွှင်မှုကို
အရာတွေအားလုံးနဲ့ မင်းကို နှိုင်းယှဉ်ကြည့်မိတယ်။

မင်းဟာ အထူးဆုတောင်းရဲ့ 
အဖြေပါပဲ....
ကိုယ့်ကမ္ဘာမှာ မင်းနဲ့ ချွတ်စွပ်တူတဲ့
လူတစ်ယောက် လိုအပ်တယ်ဆိုတာ
ဘုရားသခင် သိတယ်လို့ ကိုယ်ထင်မိပါတယ်ကွယ်....။

11/27/2008

အိမ်မက်ထဲက တက္ကသိုလ်

“တက္ကသိုလ်”ဆိုတာကို ရောက်ဖူးချင်ခဲ့အောင် လုပ်ပေးနိုင်ခဲ့တဲ့ ကဗျာတစ်ပုဒ် ဘ၀မှာရှိခဲ့ဖူးပါတယ်။ ကဗျာပိုင်ရှင်ကို မသိတာကတော့ အပြစ်တစ်ခု ဖြစ်နေမှာပါ။ ဒီကဗျာကို ကလောကိုအလည်သွားနေတုန်းက အိမ်မှာကျန်ခဲ့တဲ့ မေမေက မှတ်စုစာအုပ်ထဲမှာ ကူးရေးပေးထားလို့ပါ။ ဟဲဟဲ မေမေ့လက်ရေးနဲ့ အမှတ်တရပါပဲ။
တက္ကသိုလ်တက်တုန်းကတော့ ကျောင်းကကောလိပ်အဆင့်ပဲရှိသေးတယ်။ အလကားနေရင်း စည်းကမ်းတွေကျပ်တဲ့ကျောင်းမှာ မပျော်ပေမယ့် သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်ထိုင်ပြီး ပြောချင်တာတွေပြော လူပ်ချင်
တာလုပ်ခဲ့တာကို အမြဲသတိရနေတယ်။ တချို့ တွေကအတန်းမှတ်ကြတယ်။ တို့အဖွဲ့ထဲမှာပဲဘာသာ အလိုက် စာလိုက်လုပ်တဲ့ လူတွေရှိတယ် (ဆရာကြီးတွေပေါ့လေ) စာမေးပွဲနီးရင်သိပ်ပူစရာမလိုဘူးပေါ့လေ။ ပြီးတော့ ကြီးစဉ်ငယ်လိုက် ရိုသေတဲ့ အလေ့လဲရှိတယ်။ ပြောလို့ဆိုလို့ မကောင်းရင် နရင်းရိုက်တဲ့အလေ့ကောပဲ ။ တနှစ်တခါ စုပြီး ဓါတ်ပုံရိုက်တယ် နှစ်တိုင်းအဲ့ဒီရက်မှာပဲ ။ကျောင်းကားကိုလဲ တစ်ကားထဲတူတူထိုင်ရမှ စီးတဲ့ ဘ၀င်စိတ်ဓါတ်လဲရှိတယ် ..ဟဲဟဲ။

ဒါကြောင့် တို့အပါအ၀င် သူငယ်ချင်းအများစုက လျှောက်လည်တယ် အတန်းလစ်တယ်။ အခန်းထဲမှာက သူငယ်ချင်းတွေချည်းပဲ ၅ခုံတန်းလောက် စုထိုင်တာဆိုတော့ အလယ်ကလူတွေက 21 ရိုက
်ကြတယ်။ အမှန်က ပျင်းရင် ဖဲဗေဒင်တွက်ဖို့ ယူလာတာပါ။ ဗေဒင်ကလဲ ကျောင်းမှာခေတ်စားတယ် ။ဘယ်နှစ်က
ကောင်က လက္ခဏာကြည့်တတ်တယ်ပြောတာနဲ့ အဲ့ကောင်နားမှာကောင်မလေးတွေချည်းပဲ။ အခန်းထဲက အောင်ပန်းတောင်းနားမှာဆို လက်ဝါးလေးတွေဖြန့်လို့။ဘယ်လောက်ထိဆိုးလဲဆို အရှေ့က ဆရာမက rollcall ခေါ်ရင် ကိုယ့်အလှည့်ပြီးတာနဲ့ ခုံအောက်ကနေ လေးဘက်ထောက်ထွက်ပြီး လစ်တာပဲ။ (ဟီး ဟီး)
ပြန်ပြောပြရတာရှက်လိုက်တာနော်..။ ဒီစာရေးနေတဲ့ လူဆို သံဆူးကြိုး ဖြဲပြီးတေ
ာင်လစ်ဖူးတယ် တစ်ယောက်ထဲ..( မိန်းကလေးပီသတာပေါ့လေ)
Tutorial ဆိုရင်တော့ အချင်းချင်းချစ်ကြတာပြောမနေနဲ့။ ပူးကပ်လို့ မလာတဲ့လူအတွက်တောင် ဖြေပေးရတာနဲ့ ။ဘယ်လောက်ဆိုးဆိုး စာမေးပွဲ တစ်လလောက်လိုပြီဆို စာစုလုပ်
ပါတယ် ။ စုရပ်ကတော့ မထက်အိမ်ဖြစ်လိုက် မြရည်အိမ်ဖြစ်လိုက်နဲ့ ။ တကယ်တော့စာလုပ်တာကနဲနဲ အစားစုစားတာက များနေတာ။
တစ်လလောက်လိုတာနဲ့ စာစကူးပြီ စာအုပ်လယ်ငှားပြီ။ အတန်းတက်တယ် စာကျက်တယ် ပြီးတော့ ဆေးရုံတကာလယ်ပြီးဆေးခွင့်တောင်းတယ်လေ ဒါက အိမ်ကအမေလုပ်ပေးတာပါ ဟီးဟီးဟီး ..ဒါလဲနှစ်တိုင်းအောင်နေတာပဲ ဘာတွေပဲဖြစ်ဖြစ်အဲ့ဒီဘ၀လေးကို အရမ်းလွမ်းနေတယ်...........


အိမ်မက်ထဲက တက္ကသိုလ်

ငါမမေ့၍
နွေနေ့တစ်ရက် ၊ ငါမြင်မက်သည်
အိမ်မက်ထဲက တက္ကသိုလ်။
ဥသြသံချို ၊ တေးသံဆို၍
ပင်ပျိုပင်လှ ၊ ပုရစ်မြနှင့်
လှနေပေဆဲ ၊ မြူငွေ့ထဲ။
ငါမမေ့၍
မိုးနေ့တစ်ရက် ၊ ငါမြင်မက်သည်
အိမ်မက်ထဲက တက္ကသိုလ်။
မိုးရေပက်ဖျန်း၊ ပိတောက်လမ်းနှင့်
ပန်းခင်းတစ်ခင်း ၊ရောင်စုံကျင်း၍
သင်းနေပေဆဲ ၊ မိုးငွေ့ထဲ။

ငါမမေ့၍
ဆောင်းနေ့တစ်ရက် ၊ ငါမြင်မက်သည်
အိမ်မက်ထဲက တက္ကသိုလ်။
မြရည်စိမ်းစိမ်း ၊ မြက်ခင်းစိမ်း၌
ရှိန်းရှိန်းနုနု ၊ ပုလဲဥနှင့်
နုနေပေဆဲ၊ နှင်းငွေ့ထဲ။


ငါမမေ့၍
နေ့ပေါင်းများစွာ ၊ အိမ်မက်ရာ၌
ငါတို့ခြေရာ ၊များပြားစွာနေ
ဘယ်မှာပျောက်ပြီ ငါမသိ၊
ငါ၏ခြေရာ ၊ နင်းခြေရာကို
ခုခါရှာ၍ ၊ မမြင်တွေ့လဲ
မေ့မရပြီ တက္ကသိုလ်။

မိုးငွေ့ မြူငွေ့ ၊ နှင်းအငွေ့တို့
ရစ်ဝေ့နေသည်၊ ငါမြင်သည်

နေခြည်ဝင်းဝင်း ၊ ပန်းတစ်ခင်းတွင်
လေညှင်းထဲက တေးတစကို
လရောင်ထဲက တဘ၀ကို
တလျှက် တမ်းလျှက်
ငါလွမ်းခဲ့သည်
အိမ်မက်လိုလို
တက္ကသိုလ်....။

11/25/2008

နံပါတ်ကပြောတဲ့ မေအိအကြောင်း...


*၇ ဂဏန်းသမားများ* *မည်သည့်လတွင်မဆို ၇၊ ၁၆၊ ၂၅ ရက်မွေးသူများကို ၇ ဂဏန်းသမားများဟု ခေါ်သည်။ အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သည့် အလွန်အေးချမ်းမြင့်မြတ်သော မေတ္တာပိုင်ရှင် ဖြစ်သည်။ တစ်ပါးသူအပေါ် လွန်လွန်ကဲကဲ စာနာနားလည်တတ်သည်။ အချစ်အတွက် အရာရာ ရင်ဆိုင်ဆန့်ကျင် တိုက်ခိုက်ရန် ၀န်မလေးသော်လည်း အချစ်ကိုဖွင့်ဟ ပြောဆိုရန် အလွန်ရှက် သဖြင့် မချစ်တတ် သောသူဟူ၍ အထင်မှားခံရတတ်သည်။ မိမိအား နားလည်မူ ရှိသူကိုဦးစားပေး ရွေးချယ်သင့်သည်။ အလွန်စန်းပွင့် သော်လည်း ချစ်သူများရန် ၀န်လေးသည်။ ဘ၀လမ်းကြောင်းတွင် မွေးရပ်၊ ဘာသာ၊ ဓလေ့ ထုံးစံမတူသူများနှင့် မေတ္တာမျှ ရတတ်သည်။*

11/24/2008

gypsy doll's DOLLs


ပထမပုံက စိတ်ညစ်နေတုန်းက ဆွဲတာ
ဒုတိယပုံက လက်တည့်စမ်းတာ
Gypsy doll ရဲ့  အရုပ်မတွေပေါ့

11/10/2008

အနောရေးတဲ့ ရူးနှမ်းနှမ်း


A pleasant Thursday afternoon
Together with him
Under the old oak tree
And ..Lay down beside him
Oh..How thrill I was...
poet: a naw
(သူတော်တော်ပီတိဖျာနေတယ် ဒါပေမယ့် ချက်ချင်းရေးနိုင်တာတော်တယ်နော် ဘုရားကျောင်းမှာ ဘုရားရှိခိုးတာတောင် ရောဂါကထဖောက်လာသေးတယ်)

11/04/2008

Right Side :The Middle one







Chat Room ထဲက အသံတွေကို ခင်ဗျားတို့ ပြန်တွေးမိနေလား
တခါတခါ Chat Room တွေက အရမ်းရီရတဲ့ ကုန်ကြမ်းတွေကို ပေးလိမ့်မယ်လို့ ထင်တယ်
ကဲ ကဲ ဖတ်လက်စနဲ့ အောက်က ကောင်မလေးတစ်ယောက်ရဲ့ စာကြောင်းတွေကို အချိန်ပေးလိုက်ပါဦး
နေဦး ဒီဟာတွေက သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေဆိုတာ ခင်ဗျားသိထားဖို့တော့လိုလိမ့်မယ်
ကဲ စပြီ စပြီ

"ဟဲ့ နင့်ဘလော့မှာ နင်ရေးထားတဲ့ ချစ်သူရဲ့ ပုံပြင်ကြီးကို ငါမကြိုက်ဘူး"

အံမယ် ..သူကြိုက်ဖို့တင်တာကျနေတာပဲနော်

"ငါရေးတာမဟုတ်ဘူးဟ။ငါ ဘာသာပြန်ထားတာ ၊နင်အဲ့လိုတွေ မကြိုက်ဘူးလား
ငါကတော့ အရမ်းကြိုက်တယ်"

"ဟုတ်လား"

"အင်း ငါငယ်ငယ်တုန်းက ပုံပြင်ဖတ်ပြမှအိပ်တတ်တယ် ။ပုံပြင်တွေက ငါသိပြီးသားတွေပဲ၊
ဖတ်နေရင်းသူတို့မှားသွားရင် ငါကထအော်တာပဲ"

"နင်ကလူဆိုးမပဲ ၊သိပြီးနေရင်ဘာလို့ဖတ်ခိုင်းလဲ"

"အိပ်ချင်လို့လေ၊ အဲ့ဒီတုန်းက ငါသူငယ်တန်းပဲ၇ှိသေးတာကို၊
ခုလည်း ငါ့ညီမလေး လာရင်ငါပုံပြင်တွေ ပြောပြတယ်၊နင်သိလား ?
ကလေးတွေ လိမ္မာဖို့ ပုံပြင်တွေက အထောက်အကူပြုတယ်"

ပြောရတာနဲနဲ လက်ပေါက်ကပ်တယ်နော် ခင်ဗျားတို့လဲ တွေးမိလား?

"Right! ငါကတော့ အဲ့ဒါတွေ ငယ်ငယ်ကဖတ်ခဲ့လို့လားမသိဘူး အရမ်းမုန်းတယ်"

"အော် နင်ကအခု ကလေးမှမဟုတ်တာ ၊လူပြိုဖြစ်နေပြီကိုး " (ထေ့သံ ငေါ့သံနဲနဲပါသည်။)
"ဘာ...လူပြို နင်ကကျတော့ကော"
"ငါကလား? ငါက ကလေးကို ဟိဟိဟိ၊ နင့်လို Porn တွေမဖတ်ဘူး"

"ကလေး?ငါအဲ့ဒါတွေ ဖတ်တယ်လို့ နင့်ကိုဘယ်သူပြောလဲ?
 ငါသိတယ် နင်က ကလေးလိုဆော့မှာမဟုတ်ဘူး ၊
ကလေးလို ပြောမှာမဟုတ်ဘူး ၊ကလေးလိုတွေးမှာမဟုတ်ဘူး"


အဲ့ဒီမှာသူစမှားတာပဲ ခင်ဗျားတို့သိလား
" နင်မှားပြီ ၊ငါခုထိကလေးလိုဆော့တယ် ၊ငါ့ညီမတွေလာရင် သူတို့နဲ့ ငါ ဟင်းချက်တိုင်းဆော့တယ်
ဝိုင်းကြီးပတ်ပတ်ဆော့တယ်၊ ပုဇွန်ဆိတ်ဆော့တယ်"

"ဘာ ပုဇွတ်ဆိတ်ဆိုတာဘာဆော့တာလဲ" (တွေ့လား တုံးပုံများ ပြောရင်လည်းမကြိုက်ဘူး)

"နင်မသိဘူးလား?တစ်ယောက် လက်ခုံတွေကို တစ်ယောက်က ဆိတ်ပြီး
   "ပုဇွန်ဆိတ် ပုဇွန်ဆိတ် မောင်ရင်လာတံခါးပိတ်" လို့ ဆိုရတာလေ"

ဟူးမောတယ် ခင်ဗျားတို့ကော ဆော့ဖူးလား

"lol အဲ့ဒီတော့ ဘယ်တံခါးပိတ်သွားလဲ "

မေးပုံ ကတော့ပြောလိုက်ရမကောင်းဘူးရှိတော့မယ်..

"ဘယ်တံခါမှမပိတ်ဘူး "ဂျိတ်" ဆိုပြီးနားရွက်ပိတ်ရတာလေ၊နောက်ကျတဲ့လူက ရှုံးတာပေါ့"
"lol lol ငါတကယ်မသိဘူး"
"အင်း..ကလေးတွေက "ဂျိတ် " ဆိုတဲ့ အသံကို ကြိုက်တာထင်တယ်၊
နင့်ကလေးကျရင်ဆော့ ပေါ့ ၊ ဖေ့ဖေ့ကို အရူးမကြီး သင်ပေးတာလို့ပြော"
"ဟင့်အင်း ၊ ဖေဖေ့ကို မေမေသင်ပေးတာလို့ပြောမယ် ဟီးဟီးဟီး LOL LOL LOL"

ဒီနေရာမှာပြောရမှာက သူက ရီရရင် lol LOL တဲ့ ဘာမှန်းလဲမသိဘူး အူကြောင်ကြောင်နဲ့
စိတ်တိုတယ်ဆို ဒီလို >< >< တွေက ပါသေးတယ်

"ဒါဆို အီးကော်ပါးကော်ကောသိလား အဲ့ဒါက ပိုကောင်းတယ်"
"ဘာအီးကော်ပါးကော်လဲ"
" အဟမ်း အဟမ်း ...အဲ့ဒါက ကလေးတစ်ယောက်ကို နင့်ခြေခုံတွေပေါ်မှာရပ်ခိုင်းပြီး သူ့လက်တွေကို  ကိုင်ထားလေ။
ခြေထောက်က သူ့ကို မလိုက်ချလိုက်လုပ်။ပါးစပ်က ဒီလိုဆို

 ( အီးကော် ပါးကော် မ၀င်းဆိုင်က ပဲပုပ်ကြော်
  အီးဆော်နံလို့ မစားချင်ဘူး မီးမီး မျက်လုံးပြူးတူးတူး
)
ယောက်ျားလေးဆိုရင် သားသားပေါ့"

" LOL ပေါက်တီးပေါက်ရှာ ကွာ"
"သူတို့မဆိုတတ်ရင် နင်ကဆိုပေါ့ ငါ့ညီမကတော့ သူ့ဘာသာသူဆိုတယ်၊
နင်လဲနင့်တူမနဲ့ ဆော့ပေါ့ သူပျော်မှာငါသိတယ်"

"NO No ငါ့တူမကို ငါနိုင်မှာမဟုတ်ဘူး သူက ၇ နှစ်ရှိပြီဟ ပေါင် ၆၀ ရှိတယ်
ငါ့တူကိုပဲ စမ်းတော့မယ် သူက ၁နှစ် ...."

"ဟေ့ ..၂နှစ်လောက်မှ ရမှာနော် သေချာကိုင်ထားဦး"
" ငါအဲ့လောက်မတုံးဘူး ဆရာမလုပ်နဲ့ >< ><"
"အေးပါ lol lol"

ဘယ်လိုဖြစ်တာလဲ ငါလဲ သူ့ရောဂါတွေကူးကုန်ပြီ lolတွေ တတ်လာပါလား..

****************
သူငယ်ချင်း ကောင်လေးက စမေးပါသည်။
"ဟယ်လို ဟယ်လို  နင်ကလဲ ဘယ်ပျောက်သွားတာလဲ "
"အေး ..ငါ့သူငယ်ချင်းလှမ်းခေါ်လို့ ခဏသွားတာ ရှိတယ် ပြော
အဲ့ မှားလို့ TYPE!"
" နင့်သူငယ်ချင်းတွေကလည်း များလိုက်တာ" ( ဒါသူမနာလိုတာနေမှာ)

"နင့်လောက်မများပါဘူး"
"ငါ့လောက် ဟ!ငါ့သူငယ်ချင်းတွေကို နင့်လက်ဆယ်ချောင်းနဲ့ ရေကြည့်လို့ရတယ်"
"တကယ် ? ဒါဆို ငါက ဘယ်နှစ်ချောင်းမြောက်လဲ?"
"-------------------------"

"ဟဲ့ ငါမေးနေတာဖြေလေ"
"အော် နင်ကလား အင်း..နင်က လက်ခလယ် ဘယ်ကနေ ရေရေ ၃ချောင်းမြောက်လေးပေါ့"
"တော်လိုက်တာ တွေးတတ်တယ် ၊အီးကုန်းတဲ့လက်တော့ မဟုတ်ပါဘူးနော်?"
"ဒါတော့ ဘယ်သိမလဲ နင်ကကုန်းစေချင်ရင် ကုန်းတာပေါ့"
"အီး ! ရွံ စရာကြီး ငါက ညာဘက် အလယ်ပဲယူတေ့မယ် ဟဲဟဲ ဘယ်ရမလဲ"
"သေချာပြီနော် ?ဒါဆို ငါ မေအိက လက်ခလယ်ကြိုက်တယ်လို့ လူတကာကိုပြောပြလိုက်တော့မယ် :P"

( စကားမစပ်--သူကပြောပြဖူးသည်။ ယောက်ျား တွေက ၃ယောက်မြောက်မိန်းမကို အချစ်ဆုံးတဲ့ ။ဟုတ်လားဟင်?)

"နေဦး ..လက်ခလယ်..အော် လက်စသတ်တော့ နင်က ယုတ်မာနေတာကိုး
အဲ့ဒါဆဲတဲ့ လက်ကြီး  :( "
 "နင်ခုမှ သိတာလား ..ငါက အစကတည်းက နောက်နေတာ Number 3လေးနဲ့ ဖုံးထားတာ ဟိဟိဟိ"

"ယုတ်မာတယ် ငါကအကောင်းထင်နေတာ တော်ပြီ "
"ဟေ့ စိတ်မဆိုးနဲ့လေ ၊ စတာလေ ဟေ့ ဟေ့ ဟေ့"

"><  ><"

++++++++++++++

ကောင်မလေးတစ်ယောက် Monitor ရှေ့မှာ ရီနေတာ သူမမြင်နိုင်ပါ။
ကောင်မလေးတစ်ယောက် သူ့ ညာဖက်လက်ခလယ်ကို ကြည့်ပြီး အော်ရယ်နေပါသည်။
ပြီးတော့ ပါးစပ်ကလည်း ဘယ်ဘက်လက်နဲ့ ရေကြည့်နေသေးသည်။

"လက်မကနေစ တစ် နှစ် သုံး
ဟိဟိ ဟားဟား

လက်သန်းကနေစ  တစ် နှစ် သုံး "

:D :D :D   ( ရူးသွားပြီ ရူးသွားပြီ)

x x x x x x x
" ကျွန်တော်သည် နေခြည်ကိုလည်း ချစ်ခဲ့ဖူးပါပြီ
ကောင်းကင်ကိုလည်း ခင်ခဲ့ဖူးပါပြီ..
မြေကြီးကိုလည်း မက်ခဲ့ဖူးပါပြီ
သန်းခေါင်ယံ အချိန်စီးဆင်းသော မြစ်ရေသံ လွမ်းချင်းကိုလည်း
ကြားခဲ့ဖူးပါပြီ....
မိုးကုန်ပြီးစ နေ၀င်ချိန် တိမ်တောက်သည်ကိုလည်း
မြင်ခဲ့ဖူးပါပြီ...

သို့သော်လည်း
ကလေးဘ၀က ပထမဦးဆုံး ခူးခဲ့သော စပယ်ဦးတို့ကိုကား
သတိရဆဲ ဖြစ်ပါသည
်"

                  (တဂိုး)
x x x x x x x




11/03/2008


ဒါကတော့ လက်တည့်စမ်းထားတာ ဟဲဟဲ
သူသာတွေ့ရင် အော်ငိုနေမလားမသိဘူး

ကိုးတန်းတုန်းက ပန်းချီ


ကိုးတန်းတုန်းက အင်္ဂလိပ်စာအချိန်မှာ ခိုးဆွဲထားတဲ့ ပုံလေးပါ ဘယ်ထဲကလဲတော့မသိဘူး ကူးရေးထားတာပဲ အဲ့ဒီအချိန်က နေ့လည် ၁နာရီခွဲက နေ ၂နာရီ ၁၅ အချိန်ပေါ့ ထ ၄ မှာဘင်ခရာသံတွေကြောင့် စာထဲစိတ်မ၀င်စားဘူး ခုတော့ အမှတ်တရလေးပေါ့

10/30/2008

ဘ၀ဆိုတာ

ဘ၀ဆိုတာ...

Life is an opportunity, benefit from it.
ဘ၀ဆိုတာ အခွင့်အရေး... အကျိုးရှိအောင်လုပ်ပါ...
Life is a beauty, admire it.
ဘ၀ဆိုတာ အလှတရား... လေးစားပါ...
Life is a dream, realize it.
ဘ၀ဆိုတာ အိမ်မက်.... လက်တွေ့အကောင်အထည်ဖေါ်ပါ..
Life is a challenge meet it.
ဘ၀ဆိုတာ စိန်ခေါ်မှူ... ရင်ဆိုင်ပါ...
Life is a duty, complete it.
ဘ၀ဆိုတာ တာဝန်... ပြီးမြောက်အောင်လုပ်ပါ...
Life is a game, play it.
ဘ၀ဆိုတာ ကစားပွဲ... ကစားပါ...
Life is a promise fulfill it.
ဘ၀ဆိုတာ ဂတိ... ဖြည့်ဆည်းပါ...
Life is sorrow, overcome it.
ဘ၀ဆိုတာ ၀မ်းနည်းမှု... ကျော်လွှားပါ...
Life is a song, sing it.
ဘ၀ဆိုတာ သီချင်း... သီဆိုလိုက်ပါ....
Life is a struggle, accept it.
ဘ၀ဆိုတာ ရုန်းကန်မှု... လက်ခံပါ....
Life is a tragedy confront it.
ဘ၀ဆိုတာ အလွမ်းဇတ်လမ်း... ရင်ဆိုင်လိုက်ပါ...
Life is an adventure, dare it.
ဘ၀ဆိုတာ စွန့်စားခန်း... ရဲရင့်လိုက်ပါ...
Life is luck, make it.
ဘ၀ဆိုတာ ကံကောင်းမူ... ဖြစ်အောင်လုပ်ပါ...
Life is life, fight for it."
ဘ၀ဆိုတာ ဘ၀... ယှဉ်ပြိုင်တိုက်ခိုက်ပါ...

10/23/2008

နင်မသိတဲ့ငါ


>မမျှော်လင့်ရဲပါဘူး ချစ်သူ နင်မပိုင်တဲ့ ငါ့အချစ်များ
လူတွေမမြင်အောင် ဖျောက်ဖျက်ချင်တယ်
ဆုမတောင်းခဲ့ပါဘူး ချစ်သူ
ငါဟာ ထူးဆန်းတဲ့ကဗျာတစ်ပုဒ် နင့်အတွက် မဖြစ်ခဲ့ပါဘူး

>>အများကြီးမသိခဲ့ပေမယ့် မှားပြီးချစ်ခဲ့တာမဟုတ်ရပါ
မတူညီနိုင်တာဘ၀ပါ.........

သွားပြီးမနှောင့်ယှက်ရက်ဘူး ...
တားဆီးထားတဲ့ တိတ်တခိုးအချစ်ကို
အခိုင်အမာဖွက်ထားခဲ့ပြီ....................
ရင်မှာ...............

>မခံစားရဲပါဘူး ချစ်သူ

အငိုလွယ်လွန်းတဲ့ မျက်ဝန်းများ
နင်ပျော်လာအောင်ပြုံးပြနေမယ်..

မဆုံဆည်းခဲ့လေသော ချစ်သူ.......
မတူညီတဲ့ဘ၀နှစ်ခုပေါင်းဖို့ အရည်ဖျော်ပုံသွင်းလို့မရဘူး...........

>>အများကြီးမသိခဲ့ပေမယ့် မှားပြီးချစ်ခဲ့တာမဟုတ်ရပါ
မတူညီနိုင်တာဘ၀ပါ.........

သွားပြီးမနှောင့်ယှက်ရက်ဘူး ...
တားဆီးထားတဲ့ တိတ်တခိုးအချစ်ကို
အခိုင်အမာဖွက်ထားခဲ့ပြီ....................
ရင်မှာ...............
>ပြောပြမှအချစ်စစ်မဟုတ်ဘူး

မင်းသိဖို့မလိုပါဘူး.............
အလျှို့ဝှက်ဆုံး တစ်ယောက်ထဲသူ...........
ရင်မှာ.....

>>အများကြီးမသိခဲ့ပေမယ့် မှားပြီးချစ်ခဲ့တာမဟုတ်ရပါ
မတူညီနိုင်တာဘ၀ပါ.........
သွားပြီးမနှောင့်ယှက်ရက်ဘူး ...

တားဆီးထားတဲ့ တိတ်တခိုးအချစ်ကို
အခိုင်အမာဖွက်ထားခဲ့ပြီ....................
ရင်မှာ...............

(ခင်ဘုဏ်း ရဲ့ သီချင်းစာသားလေးပါ

ဘာလို့ကြိုက်နေမိတာလဲ

ကိုယ့်ကိုကိုယ် တောင်မသိတော့ဘူး တဲ့

တစ်ယောက်ယောက် ကပြောတယ်....)

10/22/2008

If it set your heart aflutter


If you would have it so
I will end my singing
If it set your heart aflutter,
I will take away my eyes from your free
If it suddenly startles you in your walk,
I will step aside and take another path.
If it confuses you in your flower weaving
I will shun your lonely garden.
If it makes the water wave and wild,
I will not row my boat by your bank.

( ဒါကတော့ မူရင်းပါ)

မင်းနှလုံးသားကို တဖျပ်ဖျပ်ခုန်စေတယ်ဆိုရင်.

မင်းသာ သီချင်းဆိုမယ်ဆိုရင်
ကိုယ်ဆိုတဲ့ သီချင်းကို
အဆုံးသတ်လိုက်ပါတော့မယ်။

ကိုယ့်အကြည့်ကြောင့်...
မင်းနှလုံးသားကို တဖျပ်ဖျပ်ခုန်စေတယ်ဆိုရင်.
ကိုယ့်မျက်လုံးတွေကို မင်းမျက်နှာပေါ်က
လွှဲထားပေးပါ့မယ်။

မင်းလမ်းလျှောက်နေတာ
ကိုယ့်ကြောင့်ရုတ်တရက်
အထိတ်တလန့် ဖြစ်သွားစေတယ်ဆိုရင်
ကိုယ်ဘေးဖယ်ပြီး
တခြားလမ်းက သွားပေးပါ့မယ်။

မင်းပန်းသီတဲ့နေရာမှာ
ကိုယ့်ကြောင့် စိတ်ရှုပ်ထွေးသွားတယ်ဆိုရင်
မင်းရဲ့  အထီးကျန်ပန်းဥယျာဉ်ကို
ကိုယ်ရှောင်ထွက်ပေးသွားပါမယ်။

ကိုယ့်လှေကြောင့်....
ရေတွေလှိုင်းထပြီး နောက်ကျိသွားမယ်ဆိုရင်
မင်းရဲ့ မြစ်ကမ်းပါးဘေးမှာ
ကိုယ့်လှေကို မလှော်တော့ပါဘူးကွယ်..။
(သက်ခိုင် ဘာသာပြန်ထားပါသည်။)

6/19/2008

တွေးရင်းမောနေတယ်


ငါ့အနာဂတ်ဟာ မိုးရေတွေစိုစွတ်နေတဲ့ နေ့တွေလား

ငါ့မှာခိုလှုံစရာ အမိုးအကာတွေမရှိဘူး

ငါ့မှာနွေးထွေးစရာ ရင်ခွင်တွေဝေးတယ်

ငါ့မှာအားပေးမယ့် အပြုံးတွေဝေးတယ်

ငါ့အသိနဲ့ ငါကိုယ်တိုင် မိုင်တွေချီအောင် ဝေးနေတယ်

ငါကိုယ်တိုင်မသိတဲ့ လွတ်လပ်မှုဆီကို ငါကိုယ်တိုင် လမ်းဖောက်နေဆဲ

စိတ်တွေလေးလံလို့ အော်ဟစ်လိုက်ဖို့တောင် အသံတွေမဲ့နေတာ

ငါလည်းပဲ နေရောင်ခြည်တွေ လင်းနေတဲ့ နေ့ရက်အသစ်တွေ

မက်မောတတ်နေပြီ..

5/15/2008

မွေးနေ့ဆုတောင်း


မနက်ဖြန်ဆိုရင် မွေးနေ့ရောက်ပြီ။

အရင်တုန်းက သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ မွေးနေ့ကို သတိရမိပါတယ်။

ပထမနှစ်တုန်းက ဆိုရင် သူငယ်ချင်းတွေ လတိုင်းမွေးနေ့ ရှိခဲ့ကြတယ်။

အဲဒီတုန်းက အိမ်မှာ မုန့်ဟင်းခါးလုပ်စားကြတာလေ

အနောပေါ့ ။တအားအစားပုပ်တာ အဲဒီကောင်။(စိတ်မဆိုးနဲ့နော် နောနောလေး)

ခုတော့ သူငယ်ချင်းမရှိဘာမရှိနဲ့။ ဒီတနှစ်က ပျင်းစရာအကောင်းဆုံး။

မွေးနေ့ ရောက်တဲ့ အထိ မပြီးသေးတဲ့ အိမ်မက်တွေရှိတယ်။

မရောက်ခဲ့တဲ့ ရည်မှန်းချက်တွေ တပွေ့တပိုက်နဲ့ မနက်ဖြန် ကို ဖြတ်ကျော်ရဦးမယ်။

ပျော်စရာကောင်းတဲ့နေ့တွေ ရှိသေးလားလို့ မေးချင်တယ်

မိဘကို လည်းပျော်အောင်ထားချင်သေးတယ်။

စာတွေလည်းသင်ချင်သေးတယ်။ဝါသနာနဲ့ ညီတဲ့ အလုပ်လည်းရချင်သေးတယ်။

ကြီးကြီးကျယ်ကျယ် ဆုတောင်းရရင် ………………………….

မေမေ ........ ယုံပေးပါ

မေမေ.......... စိတ်မပျက်စေရပါဘူး

မေမေ .........ပျော်အောင်နေပါ

မေမေ.......... ဒီနေ့ထိ ဂရုစိုက်ပေးလို့ ကျေးဇူးပါနော်

မေမေ.......... မေမေ့ ဆုတောင်းတွေပြည့်ပါစေ

မေမေ ..........နေကောင်းပြီး အသက်ရာကျော်ရှည်ပါစေ…….

4/24/2008

ကြင်နာခြင်းနှင့်အဆင့်အတန်း

ကောင်မလေးက ညနေဆို အိမ်ပြန်ရင် အရူးကြီး နှစ်ယောက်နဲ့ တွေ့တတ်တယ်။

သူက အဲဒီနှစ်ယောက်ဆို သိပ်တော့ မကြောက်ပါဘူး။

လိုင်းကားပေါ်ကို သူတို့တွေတက်လာရင် လူတွေက စိတ်ညစ်ကြတယ်။

ကုလားတွေပါ။တခါတလေ ရေဒီယို နဲ့ ကုလားသီချင်းတွေ အကျယ်ကြီးဖွင့်တာက လွဲရင် ကောင်းပါတယ်။

ကောင်မလေးက တော့ အဲဒီလူကြီးဘာဂျာမှုတ်တာကို သဘောတွေကျလို့။


သူက ဘာဂျာမှုတ်တတ်တယ်။သီချင်းကတော့ ဘာသံစဉ်မှန်းမသိပေမယ့် မပြောင်းလဲပါဘူး။အဆောင်မှာနေတုန်းကတော့ အဆောင်က ကောင်လေးတစ်ယောက် ဘာဂျာတစ်လက်နဲ့ သူ့ဘေးနားထိုင်ရင်းသင်ခဲ့တာကို အမှတ်ရပါတယ်။အဲလောက်တောင်ကောင်းပါတယ်။

တခါတလေ သူ့ညီလေးကို မုန့်တွေ ခွံ့ ကျွေးတတ်ပါတယ်။သူတော့ မစားဘူး။

ချွေးလည်းသုတ်ပေးပါတယ်။ရူးနေတဲ့လူတွေတောင် ကြင်နာတတ်ကြတယ်။

သူ့ညီလေးက စကားသိပ်မပြောနိုင်ပါဘူး။ခြူတွေလည်းတကိုယ်လုံးဆွဲလို့။

သူက တခါတလေ သူတို့ ညီအစ်ကို ထမင်းချက်စားရတာမလွယ်တဲ့အကြောင်းကို ကားပေါ်မှာလိုက်လာတဲ့လူတွေကိုပြောပြတတ်ပါတယ်။

ဆေးဝါးခ မတတ်နိုင်လို့ ထမင်းကိုသာ ကျန်းမာရေးနဲ့ ညီအောင် ချက်စားရတဲ့အကြောင်းပါ။

သူပြောတာဟုတ်ပါတယ်။

သူက အရင်ကတော့လူကောင်းတစ်ယောက်ပါ ။နောက်ပိုင်းစီးပွါးရေး အဆင်မပြေရာ အဲလိုဖြစ်သွားတာလို့ လူတွေကပြောကြတယ်။

ခုကတော့ ချမ်းသာတဲ့လူတွေ ၊အဆင်ပြေတဲ့ လူတွေတောင် ညီအစ်ကို အချင်းချင်းမကြင်နာတတ်ကြဘူး။ ရူးနေလို့ ပြောကြပေမယ့် အဲဒီမြင်ကွင်းလေးက စိတ်ချမ်းသာစရာပါ။

( ကြင်နာတတ်တာဟာ လူတစ်ယောက်ရဲ့ တန်ဖိုးကို အပြည့်အ၀ ပိုင်ဆိုင်တဲ့ အချိန်လေးတွေဆိုတာကို လူတိုင်းသိနေကြရင် ဒီကမ္ဘာက ငြိမ်းချမ်းနေမှာပဲလို့ မဆီမဆိုင်တွေကို ကောင်မလေးတစ်ယောက် ဘာဂျာသံတွေကြားထဲမှာ တွေးနေမိပါတယ်)

3/22/2008

သူစိမ်းသိပ်ဆန်နေမယ်


ဒီလို ပဲတောင်ခြစ်မြောက်ခြစ်နဲ့ ရေးဖြစ်တဲ့ ကဗျာလေးတစ်ပုဒ် ရှိခဲ့ ဖူးပါတယ်


“ အမြဲစိမ်းလန်းတဲ့ ရက်စွဲတချို့  အတွက်
ဒီလို စိမ်းကားနေတဲ့ အချစ်တွေပဲ ကောင်းပါတယ် နှလုံးသွေးတွေလည်ပတ်မှုမရှိတဲ့
နှလုံးသားအတွက်
ဒီလို ဝေးနေတဲ့ အချစ်တွေပဲ ကောင်းပါတယ် ဖွင့်ပြောမှသိတာကို မကြိုက်ပေမယ့်
မင်းသိဖို့ကောင်းတယ် ဒါပေမယ့် မင်းသိလို့ မကောင်းတဲ့ တချို့  ကိစ္စ တွေမှာ ဒီလိုနားလည်မှု မရ တဲ့ အချစ်တွေပဲကောင်းတယ်
အရာရာအားလုံးကောင်းပါတယ်
မင်းကိုတွယ်တာမိတဲ့ ငါကပဲမကောင်းတာ .....”

3/17/2008

2/25/2008

ကောင်မလေးတစ်ယောက်ရဲ့ အတွေး

ထိုနေ့သည် လပြည့်နေ့ ဖြစ်သည်။

ကောင်မလေးတစ်ယောက် ဆွမ်းလောင်းရန် အိမ်ပြင်ထွက်လိုက်သည်။

ဆွမ်းခံသော ကိုယ်တောာ်လေးကြွလာသောအခါ သပိတ်ထဲသို့ လောင်းလှူလိုက်သည်။

ဦးဇင်းကလည်း ဆုပေးရရန် ဟန်ပြင်လိုက်သည်။သို့သော်….

“ဦးဇင်း…တပည့်တော် တစ်ခုမေးလျှောက်ပါရစေ…”

”မေးလေ…ဒကာမ”

“ “အမြင်နီး ခရီးဝေး” ဆိုတာသိလားဘုရား”

“တောင် ကိုပြောတာမဟုတ်လား”

“တချို့ကတော့ အဲလိုထင်တယ် တပည့်တော်ကတော့ဒီလိုထင်တယ်ဘုရား…တကယ်တော့အဲဒီစကားပုံက ငရဲကိုပြောတာ ဘုရား”

“ဟင်”

“ငရဲရဲ့ ဆင်းရဲကိုနီးနီးကပ်ကပ်သိမှ ငရဲနဲ့ဝေးမှာမဟုတ်လားဘုရား..တချို့ဆိုငရဲနဲ့နီးတာတောင် ဒီတောင်ကဝေးပါသေးတယ်…ခုမှတောင်ခြေရှိသေး လို့ထင်တတ်တယ် ဘုရား”

“သြော်…အင်း…အဲ”

ဦးဇင်းလည်း ဘာပြောရမှန်းမသိပေ…။

ကောင်မလေး ကပြုံးရွှင်စွာ လှည့်အထွက်တွင်…

“အမလေး” ..။တုတ်ကိုင်လျှက် သူမရဲ့ အဖေ..။

“အမြင်လည်းနီးနေပြီ၊တုတ်လည်းနီးနေပြီ၊ကုသိုလ်ယူစေချင်လို့ ဆွမ်းလောင်းခိုင်းပါတယ်၊ ဘာတုန်း..ဆွမ်းခံတဲ့ ကိုယ်တော်တောင်မနေရဘူး…ခုဝင် အိမ်ထဲကို”

အဖေက မရိုက်တတ်ပါ။ သို့သော် သူကြောက်ပါသည်။

နောက်နေ့များတွင်…ဆွမ်းခံသည့်ကိုယ်တော်လည်း ဆုမပေးဘဲ မျက်လုံး ပေကလပ်ပေကလပ်…

ကောင်မလေးရဲ့ မျက်လုံးတွေကလည်း ပေကလပ် ပေကလပ်…။


လူတွေဟာ သူတပါးရဲ့ကိုယ်ပိုင်အတွးကို မလေးစားတတ်ဘူး…။

ဝင်္က၀ုတ္တိအနမ်း

မိုးတွေသည်းထန်လွန်း၍ တစ်လောကလုံး တိတ်ဆိတ်နေသလို..။ မိုးသံမှလွဲ၍ မည်သည့်အသံကိုမျှ ကောင်းစွာ မကြားရပေ။ ထိုလမ်းလေးဘေးတွင် သစ်ပင်များ တန်းစီလျက် စိမ်းမြနေသည်။ နေ၀င်ချိန်ဖြစ်၍ မိုးပွင့်များနှင့် သိပ်လှနေ၏။ သစ်ပင်ကြီးများအောက်တွင် မိုးခိုနေသူများရှိသည်။ ထိုနေ့က မိုးခိုနေသူများထဲတွင် သူတို့နှစ်ဦး လည်းပါဝင်ခဲ့သည်။

အမှန်ဆိုရလျှင် သူနှင့် ကောင်မလေးတို့သည် မိုးခိုသည်ဟု ဆိုရမှာထက် သူများတကာလို သစ်ပင်ရိပ်ခိုခြင်းဖြစ် သည်။ သူတို့က မိုးမိပြီးသားဖြစ်လို့ နှစ်ဦးစလုံး၏ ဂျင်းဘောင်းဘီများ ရွဲစိုလျက်ရှိသည်။ သစ်ပင်ရိပ်တွင် ဆိုင် ကယ်ကိုထိုးရပ်ပြီး ထီးကိုဖွင့်လိုက်သည်။ ထီးမှာအတော်လေးကြီးသော်လည်း အောက်ပိုင်းသိပ်မလုံပေ။ သူကဆိုင်ကယ်ပေါ်တွင်ထိုင်လျက် နေ၀င်တာကို ကြည့်သည်။ ကောင်မလေးက တော့ မိုးပွင့်တွေနဲ့နေရောင်က မျက်စိစူးသည်ဟု အကြောင်းပြကာထီးနှင့်ကာ၍ အရှေ့ဖက်ဘက်သို့လှည့်ကာ မတ်မတ်ရပ်နေသည်။ သူတို့ တော်တော်လေးအေနေပြီဖြစ်သည်။

ကောင်လေးက အေးတိအေးစက်မျက်နှာပေးနှင့် မိုးကိုအံတုနေသည်။ သူ့မျက်တောင်များမှာ စင်းစင်းလေးဖြစ်သည် ပါးလွှာသောနှုတ်ခမ်းများနှင့်ပေါင်းစပ်ပါက သေချာသူတစ်ယောက်၏ မျက်ဝန်းများရှိသည်ဟု ကောင်မလေးက တိတ်တခိုး မှတ်ချက်ချ၏။

ကောင်မလေး၏ဆံပင်ရှည်များမှာ မိုးရေကြောင့် ပြားကပ်နေပြီး သူမျက်နှာအအေးဓာတ်ကြောင့် ဖြူဖျော့နေ သည်။ တိတ်ဆိတ်နေမှုကို ကောင်လေးကပင် စတင်ကာစကားပြောခြင်းဖြင့် ဖြိုခွဲလိုက်သည်။

“မေ မင်းအေးနေပြီလား“ သူတိုးလျှစွာပြောသည်။ ကောင်မလေးက မထီတရီပြုံးသည်။

“မေ မင်းကိုမခွဲနိုင်တော့ ဘူးနော် ကိုမင်းနဲ့ဝေးရရင်…“ သူစကားမဆုံးလိုက်ပေ။ ကောင်မလေးကသူဖွင့်ထား သော ထီးရိုးဖြင့် သူ့နှုတ်ခမ်းများကို ဖိကပ်ပစ်လိုက်သောကြောင့်ဖြစ်သည်။

သူမှုန်တေတေဖြင့် မကျေမနပ်ကြည့်လိုက်၏ ကောင်မလေးက ရီချင်နေသောမျက်လုံးနှင့်ကြည့်သည်။ သူဂရု မစိုက်စွာပင်လှစ်ခနဲထီးရိုးကို နမ်းလိုက်သည်။

“အယ်”

ကောင်မလေးရုတ်တရက်အံ့သြသွားသည်။ ပြီးတော့မှ သဘောကျစွာ အော်ရယ်တော့သည်။ သူမရယ်သံသည် အနည်းငယ်ကျယ်လောင် သဖြင့် ဘေးသစ်ပင်များအောက်မှလူများက လှည့်ကြည့်သည်။ ထိုရယ်သံတွင် လှောင်သံ နဲနဲပါသည်။ ကောင်လေးက မလိုတမာ ကြည့်သည်။

“ဘာလဲ ဘာရယ်တာလဲ“

“အို နင်ကထီးရိုးကြီးကိုနမ်းတာကိုး “

သူရှက်သွားသည် အနည်းငယ်ပြုံးပြီးမှ

“ထီးကမင်းကိုင်ထားတာလေ မေရဲ့၊ ကို့အသိထဲမှာ ကိုယ့်နှုတ်ခမ်းက မင်းလက်တွေဆီမှာပဲ ထီးရိုးကြီးရှိမနေဘူး“

သူအရှက်ပြေပြောမှန်းသိပါသည်။ သို့သော်ကောင်မလေးက စောစောကထက်ပင် ပိုကျယ်လောင်စွာ ခိုးခိုး ခစ်ခစ် ရယ်နေတော့သည်။ သူရယ်သံကို မိုးကသည်းထန်စွာ သောသောညံနေအောင်တီးမှုတ်ပေးလိုက်သည်။ နေ၀င်ချိန်မိုးသည်းထဲမှာ …. အရောင်လှလှထီးအောက်မှာ… မျက်တောင်စင်းစင်းတွေအောက်မှာ…ချစ်ခင်မြတ် နိုးသည့် အရိပ်အောက်မှာ

(ထိုညနေခင်းလေးသည် ထိုနေ့မှစ၍ ပျောက်ကွယ်သွားသည်။ ကောင်မလေးတစ်ယောက် ဒိုင်ယာရီထဲတွင် အခိုးခံလိုက်ရသောကြောင့် ဖြစ်ပါသည်။)