3/15/2009

THE MOON : THE LOVE


It may not give you warmth,
it is still there watching you.
It may not show you all the time,
it is still watching you
It doesn't always smile,
it is still watching you.
Thou you did not watch it,
it is still watching you
However you take cover from it,
it will still watching you.....


Kori

(Thanks for permission to post this poem.)

3/05/2009

သင့်ဖူးစာရှင်အကြောင်း

ဒါလေးကတော့ ကိုယ်ချစ်တဲ့သူရဲ့ မြန်မာမွေးသက္ကရာဇ်နဲ့ ဘာနေ့သားသမီးလဲ ဆိုတာသိရုံနဲ့ တွက်လို့ရပါတယ်။ မြန်မာမွေးသက္ကရာဇ်ကိုတည်၊ ၇ နဲ့စား အကြွင်းကနေယူပေါ့။အကြွင်းဆိုတာက အလယ်တိုင်က အောက်ဆုံးဂဏန်းကိုပြောတာပါ။ကိုယ်ကြွင်းတဲ့ဂဏန်းက အလယ်တိုင်ရဲ့ အောက်ဆုံးးမှာ၇ှိနေရင် အဲ့ဒါကိုယ့်ရဲ့မွေးဇာတာပါပဲ။

မိန်းကလေးဆိုရင် (၆)နေရာ ကိုကြည့် ၊ယောကျာ်းလေးဆိုရင် (၃) နေရာကို ကြည့်ပါ။ ဥပမာ - ၁၉၈၆ မွေးတဲ့ မိန်းကလေးရဲ့ မြန်မာသက္ကရာဇ်ဟာ ၁၃၄၇ ဖြစ်နိုင်သလို ၁၃၄၈ လဲဖြစ်နိုင်ပါတယ်။ လွယ်လွယ်လေးမှတ်ထားရမှာက သူဟာ တန်ခူးနောက်ပိုင်းမွေးရင် ၁၃၄၈ ပေါ့။ အကြွင်း (၇)ကို ဒီမှာ (၀) လို့ရေးတယ်နော်။

မြန်မာနှစ်တရာ ပြက္ခဒိန်လိုချင်ရင် ဒီမှာ နှိပ်ပြီး download ယူလိုက်ပါ။ ပြီးရင် ကိုယ့်စက်ထဲ install လုပ်ပြီး start ထဲက all program မှာ SAME CALENDAR ဆိုတာရွေးလိုက်ပါ။ ပေါ်လာတဲ့ calendar ထဲက ကိုယ့်ရဲ့ အဂ်လိပ် နှစ်နဲ့ လကိုရွေးပေးလိုက်ရင် ကိုယ့်ရဲ့ မြန်မာမွေးနေ့နဲ့ ခုနှစ်ကို ဘယ်ဘက်မှာ ရှာကြည့်လို့ ရပါပြီ။


ဒါကတော့ သူ့ရဲ့ တည်ရှိတဲ့နေရာလေးတွေပါ။







(၄)ကြွင်းလို့ သောကြာ(၆)ဟာ သိုက်နေရာမှာရှိတယ်။ ဒါကြောင့်မို့ ဒီမိန်းကလေးဟာ စိတ်ထားကောင်းသူနဲ့ရမယ်။ခင်ပွန်းအကျိုးခံစားရမယ်။ အိမ်ထောင်ရေးသာယာခိုင်မြဲမယ်။







(၁)ကြွင်းလို့ သောကြာ(၆)ဟာ ရာဇ နေရာမှာရှိတယ်။ထင်ရှားကျော်ကြားသူနဲ့ရမယ်။






သောကြာ (၆)ဟာ အဓိပတိမှာရှိလို့ မိမိထက်အသက်ကြီးသူနဲ့ ရတတ်တယ်။ အသက်ငယ်သူကိုရရင် အိမ်ထောင်ရေးမမြဲတတ်ဘူး။





(၆)ဟာ မရဏမှာရှိလို့ ရည်းစားဦးနဲ့ ရှင်ကွဲ (သို့) သေကွဲ ကွဲရတတ်တယ်။ ပထမရည်းစား (သို့) ပထမအိမ်ထောင် ပျက်စီးတတ်တယ်။





ဒီမိန်းကလေးအဖို့ ပုတိမှာရှိလို့ ခင်ပွန်းအကျိုးကျေးဇူး မခံစားရတတ်ဘူး။ အိမ်ထောင်ဆက်များတတ်တယ်။





ဘင်္ဂမှာရှိလို့ အိမ်ထောင်ဘက်ကို မိမိကသာပေးဆပ်ရမယ်။ခင်ပွန်းကျေးဇူး မခံစားရတတ်ဘူး။





အထွန်းမှာရှိလို့ ပညာတတ်သူ ဥာဏ်ကြီးသူနဲ့ ရတတ်တယ်။ ကတော်ဖြစ်တတ်တယ်။





ဒါကတော့ သူဘာနေ့သားလဲ သိရင် ကိုယ့်ဇယားမှာကြည့်လိုက်တာနဲ့ သူ့နေရာကို တိုက်ကြည့်လိုက်ပြီး သူ့ကိုသိနိုင်ပါပြီ။

ဒီနေရာမှာ ကိုယ့် ချစ်သူက တနင်္ဂနွေ သားဆို ကိုယ့်ဇယားမှာ ၁ နေရာကိုကြည့်ပါ။တနင်္လာဆို ၂ ၊ အင်္ဂါ ၃ ၊ ဗုဒ္ဓဟူး ၄ ၊ ကြာသပတေး ၅ ၊သောကြာဆို ၆ နဲ့ စနေဆို ၇ သို့မဟုတ် ၀ တို့ ပဲ ဖြစ်ပါတယ်။သူ့ဘက်ကနေ ကိုယ်က တွက်ကြည့်ချင်ရင် သူ့ဇယားမှာ ကိုယ့်နေ့နံကို ကြည့်ပေါ့။ အဆင်ပြေကြပါစေနော်။

--> -->၄ကြွင်းတဲ့ မိန်းကလေးရဲ့ ချစ်သူဟာ ကြာသပတေးသားဖြစ်မယ်ဆိုရင် (၅)ဂဏန်းဟာ ပုတိမှာရှိပါတယ်။
ပုတိမှာ ချစ်သူမွေးနာမ်ရှိလို့ ကိုယ်ကပေးဆပ်ချစ်ရမယ့်သူ ဖြစ်ပါတယ်။
မနာလိုကဲ့ရဲ့ ရှုတ်ချတဲ့ပတ်ဝန်းကျင်၊ ဆွေမျိုးဒဏ်ကို မရှုမလှခံရမယ်။
အတော်ကြီး ကြိုးစားမှ ကြီးပွါးအောင်မြင်မယ်။ ချစ်သူက သ၀န်တအားကြောင်မယ်။
စကားတကျက်ကျက် များမယ်။ ဒါပေမယ့် ခဏပဲ၊ သားသမီးကောင်းရမယ်။

ဘင်္ဂမှာရှိရင် ပြောဆိုမရတဲ့သားသမီးတွေ ရတတ်တယ်။
အိမ်ထောင်ပြုကာစ သာယာပေမယ့် ၄နှစ်လောက်ကြာရင် အခြေအနေ ယိုယွင်းလာမယ်။
အိမ်ထောင်ရေးသာယာရင်လည်း လင်ဖြစ်ဖြစ် မယားဖြစ်ဖြစ် တရှောင်ရှောင် နေမကောင်းဖြစ် ရောဂါထူမယ်။
မင်္ဂလာမဆောင်ရဘဲ အိမ်ထောင်ကျတတ်တယ်။ အိမ်အို အိမ်ဟောင်းမှာ နေရတတ်တယ်။

မရဏမှာရှိရင် ဒီချစ်သူဟာ ခရီးသွားရင်းဖြစ်စေ၊ မခံချင်စိတ်ကြောင့် အရွဲ့တိုက်ချစ်မိခြင်း ဖြစ်မယ်။
အိမ်ထောင်ပြုပြီးလို့ မောင်တရွာမယ်တမြို့ဖြစ်နေရင် ရှင်ကွဲ သို့မဟုတ် သေကွဲ ကြုံရတတ်တယ်။
သင့်ချစ်သူဟာ ပရမ်းပတာ စည်းကမ်းမရှိတဲ့အပြင် အရိပ်သုံးပါးလဲ နားမလည်ဘူး။
အဲ့ဒီနေ့ ဖွားနဲ့ရရင် ရန်ဖြစ်ရင် ပစ္စည်းတွေပေါက်ခွဲတတ်တယ်။ ဘေးပတ်ဝန်းကျင်ရဲ့ အနှောင့်အယှက် ခံရမယ်။

ချစ်သူ့မွေးနာမ်ဟာ အထွန်းမှာရှိရင် စီးပွားဖြစ်မယ်။ ချမ်းသာမယ်။ သားသမီး လိမ္မာလေးတွေရမယ်။
သင့်ချစ်သူဟာ လှချင်ရင် တအားလှအောင် ရှိုးသနေတတ်ပြီး တခါတခါ ဘိုသီဘတ်သီ ကပိုကရို မပြင်မဆင်ပြန်ဘူး။ ချစ်သူဟာ သင့်ထက် ရုပ်ရည်သာရင်သာ မသာရင် ဥစ္စာ ဒါမှမဟုတ် ပညာသာနေလိမ့်မယ်။
လူရှေ့မရှောင် စကားကတော်ကဆ ရန်ဖြစ်တတ်တယ်။

ချစ်သူမွေးနာမ် သိုက်မှာရှိရင် သင့်ချစ်သူဟာ စကားတတ်စကားပြောကောင်းမယ်။ သင့်ကိုဆရာ လုပ်သြဇာပေးမယ်။ လက်ထပ်ပြီးရင် စီးပွားဖြစ်မယ်။ အေးဆေးတည်ငြိမ်မယ်။သာသမီးဦးရေများမယ်။ အခြံအရံ ဆွေမျိုး မိသားစုနဲ့နေရမယ်။နှစ်ဘက်မိဘဆွေမျိုးတွေက ပံ့ပိုးပေးကမ်းမယ်။

ရာဇမှာရှိရင် တစ်ယောက်နဲ့တစ်ယောက် မကြာခဏ စကားများမယ်။ သူက သြဇာပေးဆရာလုပ်မယ်။ ဇီဇာကြောင်မယ်။ မာနကြီးမယ်။ အရွဲ့တိုက်မယ်။ ဇွတ်ခိုးပြေး လက်ထပ်ရတတ်တယ်။ နှစ်ဘက်မိဘ ဆွေမျိုးပြေလည်အောင် မနည်းညှိရမယ်။
အောင့်သက်သက်နဲ့ ပေးစားခံရမယ်။ ရန်ခဏခဏ ဖြစ်မယ်။ ကြင်နာမှုရှိမယ်။

အဓိပတိမှာရှိရင် ချစ်သူက သင့်အပေါ် အနစ်နာခံမယ်။ လူကြီးလူကောင်းဆန်မယ်။ ချစ်ခင်ယုယမယ်။
သူနဲ့ယူရင် စီးပွါးဖြစ်မယ်။ အလှူဒါယကာ ၊ ဒါယကာမ ဖြစ်မယ်။ ပြေလည်ရင် အရမ်းပြေလည်မယ်။ရန်ဖြစ်ရင် အရမ်းရန်ဖြစ်မယ်။စိတ်ဒုက္ခပေးမယ့် သားသမီး ပြောရဆိုရခက်တဲ့ သားသမီးတွေ ရမယ်။



-->

3/04/2009

တောင်းရမ်းလက်ထပ်ယူခြင်းမှလွဲ၍

(သူမ)

“ဧည့်ခန်းထဲမှာ လူတွေသိပ်စုံနေပါလား”

တစုံတရာကိုပြောဆိုနေကြ၍ တစုံတယောက်ဆီဆို စိတ်ဝင်စားစွာလှမ်းကြည့်နေသော မျက်နှာများကို တစ်ယောက်ချင်း လိုက်လို့ကြည့်မိသည်။ ထိုလူအုပ်တွေကြားထဲမှာ သူမကို စိုက်ကြည့်နေသည့် မျက်ဝန်းတစုံအား သတိထားမိသွားသည်။ ထိုသူမျက်ဝန်းများသည် သူမထံမှမရွေ့ ၊ နှုတ်ခမ်းများမှာလည်း တင်းတင်းစေ့ထားလျက် စူးစူးစိုက်စိုက်ကြည့်နေသည်။

“ဟင် နင်ဘာလို့ ဒီကိုရောက်နေရတာလဲ၊ နင်ငါ့ကိုအဲ့လိုမကြည့်ပါနဲ့ ၊ ငါ့အမေရဲ့ ပြုံးခြင်းရှေးရှုတဲ့ စကားလုံးလှလှတွေအောက်မှာ နင်ခံစားခက်နေပြီ ၊ ငါသိတယ် .. နင်ကြည့်နေတာက ငါ့နားဘယ်တော့မှ ပြန်မလာတော့ဘူး ဆိုတာ ငါသိနေတယ်၊ ဟင့်အင်း .အဲ့မျက်လုံးတွေနဲ့ မကြည့်ပါနဲ့”

သူမ ကို သူမအန်တီက အနောက်ခန်းထဲ ဆွဲဝင်သွားသည်။

……………

(သူ)

ဒီအိမ်ထဲကို ၀င်လာမိတာကိုက မှားတာ။ ချစ်သူဆိုတာ ပိုင်ဆိုင်ယူရမှ အဓိပ္ပါယ်ရှိတယ်လို့ ခဏနေကအထိ ထင်နေတုန်း။ ချစ်သူလို့ပြောရအောင်လဲ ချစ်တယ်လို့ မပြောရသေးဘူး။ ငါမပြောလဲ နင်သိမယ်ထင်နေခဲ့တာ။ တို့နှစ်ယောက်က အဲ့လောက်မပတ်သတ်ရကောင်းမှန်း တကယ်ငါမသိခဲ့ဘူး..။ ငါ့အတွက် နင်သတ္တိလည်းမရှိဘူး။ မုန်းတယ် လို့ ပြောလိုက်ချင်တယ် ။

“မေ ..။ ဒီစကားလုံးတွေအောက်က ငါပြေးထွက်ချင်နေပြီ။ နင်နဲ့ငါ့ကို ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတဲ့ စကားတွေကို ရင်ဆိုင်ဖို့ ငါက ဘယ်သူ့အားကိုးနဲ့ နားထောင်ရမှာလဲ ..။ နင် ငါ့ကိုအဲ့လို မကြည့်နေပါနဲ့။ နင်အဲ့လိုကြည့်နေရင် အခု လူသတ်ချင်နေတဲ့စိတ်က နင်ဖြစ်သွားမယ်။ ဒီကမ္ဘာထဲမှာ နင်က ငါ့အတွက် မဟုတ်ရင် နင်သေသွားမှဖြစ်မယ် ..မေ။ ငါမျက်လုံးထဲက ဝေ့၀ဲချင်လာနေတဲ့ မျက်ရည်က နင်ကြည့်နေဖို့မဟုတ်ဘူး”

…………………

မင်းအင်္ကျီလက်ဖျားလေးကို ဆုပ်ကိုင်မိ

ဝေးရမယ်ဆိုတဲ့ အသိတစ်ခုမှာတင်

ငါဆယ်ခါပြန်သေတယ်...။

အရာရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ။ကျွန်တော့်ကို ဆွဲနေတဲ့ ကျွန်တော့အမေလက်ထဲကနေ ရုန်းပြီး မေတို့အိမ်နောက်ဖေးခန်းထဲ ၀င်လာခဲ့တယ်။ လှေကားပေါ်မှာထိုင်ပြီး လက်ရန်းလေးကိုမှီပြီး ငိုနေတဲ့မင်းပုံလေးက ငါ့နှလုံးသားကို လှံတစင်းနဲ့ ထိုးဆွနေသလိုပဲ။ သွားတော့မယ်မေ..။

ငါ့ရင်ခွင်ထဲမှာမငိုနဲ့..။နောက်ထပ်မတွေ့တော့ဘူး..။တွေ့ရင်လည်း ဒီပုံစံနဲ့ မဟုတ်တော့ဘူး။ တို့နှစ်ယောက် ပြန်ဆုံရင် ဘုရားရှင်အားလုံးသိပြီးဖြစ်မှာမဟုတ်လား။

ခြား

နီးနီးလေးပါပဲ...ဒါပေမယ့်

ဘယ်တော့မှမဆုံနိုင်တော့ဘူး

အဆွေးကြီးဆွေးတာပဲ...ဒါပေမယ့်

ဘယ်တော့မှရင်မခုန်တော့ဘူး..

အတွေးကြီးတွေးတာပဲ..

အရင်တုန်းက ပျော်ခဲ့တာတွေ

အငေးကြီးငေးတာပဲ...

မင်းဓါတ်ပုံကိုကြည့်ပြီးတော့ပေါ့

အခုတော့...နီးနီးလေးပါပဲ

ဒါပေမယ့်..အဝေးကြီးဝေးကွာခဲ့။

မောင်ရဲသီး

မှတ်ချက်။ ။ မကြာခဏ အိမ်မက်မက်တတ်ပြီး မက်တိုင်းလဲ မျက်ရည်တွေနဲ့ လန်းနိုးစေတဲ့ ဒီအိမ်မက်တွေ ဒီဘလော့စာမျက်နှာပေါ် ရောက်တဲ့နေ့က စပြီး ပျောက်ကွယ်ပါစေလို့ ကောင်မလေးတစ်ယောက် ဆုတောင်းလျက်ရှိပါသည်။

THE END
DREAMT at 03:03:09 PM