မေအိရဲ့ လက်တည့်စမ်းထားတဲ့ ပထမဆုံးငါးကင်ပါ။:D:D သူငယ်ချင်းတွေနဲ့ ဆိုင်မှာ ကင်စားတာ။ ဒါမျိုးက ညောင်ရွှေက ငါးကန်မှာ ၀ယ်စားရင် အများကြီးပေးရတယ်။ အသက်သာကြီးနေတာ ထမင်းလဲ မချက်တတ်ဘူး။ ဟင်းလဲ မချက်တတ်ဘူး။:D ဒါကတော့ ပထမဆုံး try ကြည့် ထားတာ မို့ အမှတ်တရဖြစ်အောင် တင်လိုက်တာ။
အိမ်က လူတွေကို ပြရမယ်။ ဒီလောက်တော့ ရပါတယ်လို့ ဟဲဟဲ။
အိမ်က ဘွားဘွား ရဲ့ “ အိမ်ထောင်ကျရင် အရိုက်ခံရမှာ မြင်ယောင်သေးတယ်” ဆိုတဲ့ စကားကို ပြန်ရုပ်သိမ်းခိုင်းရမယ်။ ထူးပါဘူး။ တကယ်တမ်း ယူရတော့မယ်ဆိုမှ တစ်လလောက် အလိုက ဟင်းချက် ထမင်းချက် သင်ရင်လဲ မီလောက်ပါတယ်နော့။ ခုတော့ နားနားနေနေပဲ သူများချက်ထားတာကိုပဲ အ၀မြည်းလိုက်ဦးမယ်လို့ ။ ဟဲဟဲ
ဒီအစီအစဉ်ကောင်းသားပဲ ...

3 comments:
ငါးစိမ်းမြင်.. ငါးကင်ပြစ် လား၊ ငါးကြော်မြင်.. ငါးကင်ပြစ်လားတော့ မသိဘူး...
ဟဲဟဲ.. ကြားဖူးသလိုပဲ..
ငါးကင်ကိုတော့ ကုန်အောင်စားလိုက်ပေါ့နော်.. ပြီးမှ အရိုးကိုပဲ ပြစ်လိုက်..
သတိပေး၊ အကြံပေးတာ ပါကွယ်..
lol
ွှThanks my little or big Naw Naw..
မေအိရေ
မေအိရဲ့ ငါးကင်က ကြည့်တာနဲ့တင် စားကောင်းမယ့်ပုံပါပဲ ငါးတောင်ကင်တတ်တယ်ဆိုတော့ အဟုတ်ဘဲ ဒါပေမယ့် မြင်သာမြင် မကြင်ရတဲ့ ငါးကင်မို့ ..........
Post a Comment