ထိုနေ့သည် လပြည့်နေ့ ဖြစ်သည်။
ကောင်မလေးတစ်ယောက် ဆွမ်းလောင်းရန် အိမ်ပြင်ထွက်လိုက်သည်။
ဆွမ်းခံသော ကိုယ်တောာ်လေးကြွလာသောအခါ သပိတ်ထဲသို့ လောင်းလှူလိုက်သည်။
ဦးဇင်းကလည်း ဆုပေးရရန် ဟန်ပြင်လိုက်သည်။သို့သော်….
“ဦးဇင်း…တပည့်တော် တစ်ခုမေးလျှောက်ပါရစေ…”
”မေးလေ…ဒကာမ”
“ “အမြင်နီး ခရီးဝေး” ဆိုတာသိလားဘုရား”
“တောင် ကိုပြောတာမဟုတ်လား”
“တချို့ကတော့ အဲလိုထင်တယ် တပည့်တော်ကတော့ဒီလိုထင်တယ်ဘုရား…တကယ်တော့အဲဒီစကားပုံက ငရဲကိုပြောတာ ဘုရား”
“ဟင်”
“ငရဲရဲ့ ဆင်းရဲကိုနီးနီးကပ်ကပ်သိမှ ငရဲနဲ့ဝေးမှာမဟုတ်လားဘုရား..တချို့ဆိုငရဲနဲ့နီးတာတောင် ဒီတောင်ကဝေးပါသေးတယ်…ခုမှတောင်ခြေရှိသေး လို့ထင်တတ်တယ် ဘုရား”
“သြော်…အင်း…အဲ”
ဦးဇင်းလည်း ဘာပြောရမှန်းမသိပေ…။
ကောင်မလေး ကပြုံးရွှင်စွာ လှည့်အထွက်တွင်…
“အမလေး” ..။တုတ်ကိုင်လျှက် သူမရဲ့ အဖေ..။
“အမြင်လည်းနီးနေပြီ၊တုတ်လည်းနီးနေပြီ၊ကုသိုလ်ယူစေချင်လို့ ဆွမ်းလောင်းခိုင်းပါတယ်၊ ဘာတုန်း..ဆွမ်းခံတဲ့ ကိုယ်တော်တောင်မနေရဘူး…ခုဝင် အိမ်ထဲကို”
အဖေက မရိုက်တတ်ပါ။ သို့သော် သူကြောက်ပါသည်။
နောက်နေ့များတွင်…ဆွမ်းခံသည့်ကိုယ်တော်လည်း ဆုမပေးဘဲ မျက်လုံး ပေကလပ်ပေကလပ်…
ကောင်မလေးရဲ့ မျက်လုံးတွေကလည်း ပေကလပ် ပေကလပ်…။
လူတွေဟာ သူတပါးရဲ့ကိုယ်ပိုင်အတွးကို မလေးစားတတ်ဘူး…။
No comments:
Post a Comment