2/27/2009

အမုန်းစာရင်း

မုန်းတယ်
အိပ်လို့ကောင်းနေတုန်း ထထအော်တဲ့
“ပဲပြုတ်” ဆိုတဲ့ အသံကိုမုန်းတယ်။

မုန်းတယ်
လူကြားထဲ စွတ်စွတ်ဟောက်တဲ့
အပေါက်ဆိုးတဲ့ ဘတ်စ်ကားစပါယ်ယာကို မုန်းတယ်။

မုန်းတယ်
ကဗျာရေးလို့ ဈာဉ်ဝင်နေတုန်း
တ၀ီဝီလာအော်နေတဲ့ ခြင်စုတ်ကိုလဲ မုန်းတယ်။

မုန်းတယ်
အိမ်ပြန်မိုးချုပ်တိုင်း အိမ်ပေါက်ဝက
ခါးထောက်ပြီး ဆူတဲ့ကြီးတော်ကိုလဲ မုန်းတယ်။

မုန်းတယ်
G talk ကိုလာတိုင်း
မင်းရဲ့ Busy ဆိုတဲ့ status ကြီးကို မုန်းတယ်။

နောက်ဆုတ် အရှုံးပေးပါတယ်ဆိုမှ
အနိုင်ယူချင်သေးသလားကွယ်...

နှလုံးသားတစ်ခုလုံး အပိုင်ပေးထားပါရက်နဲ့
နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ချိန်တွေကိုပါ လာလာခိုးတဲ့
အိမ်မက်ထဲက မင်းလေးကိုလဲ
ငါအသေအလဲ မုန်းမိတယ် ချစ်သူရေ..။

1 comment:

Unknown said...

I WANT TO DISCUSS TO YOU
YOU ARE BLAIDEFULL !