2/23/2009

ငါမယုံဘူး မယုံဘူး

နားနဲ့တပ်အပ်ကြားတဲ့
မင်းရှူပ်တဲ့သတင်း
မဟုတ်ဘူးမင်းငြင်းတော့
ငါယုံခဲ့တယ်....

မျက်စိနဲ့တပ်အပ်မြင်တဲ့
မင်းနဲ့ကောင်မလေး
သူငယ်ချင်းပါလို့
ဖြေရှင်းတော့
ငါယုံခဲ့တယ်...

မင်းကိုငါမချစ်တော့ဘူး ဆိုတဲ့စကား
ငါနောက်ဆုံးကြားလိုက်ရတော့
မိုးထဲ အမှောင်ထဲမှာ
တိုးတိုးလေးငါရေရွတ်နေမိတယ်

ငါမယုံဘူး...မယုံဘူး မယုံဘူး

၂၀၀၄ခုနစ်မေလ၂၄ရက်၊ တနင်းလာနေ့ ၊ ညနေ ၅ နာရီ

--
သစ်လုံး ....

No comments: