မှီတွယ်မယ်နော်
မောပန်းနွမ်းနယ်ရင် ...။
ပြောပြမယ်နော်
ခံစားချက်တွေ ရှုပ်ထွေးရင်...။
ခိုလှုံမယ်နော်
ရန်သူတွေ ၀ိုင်းရံတဲ့အခါ....။
ဒီလိုပဲ ရင်ထဲမှာ မှတ်ထားခဲ့တယ်..။
ထင်မထားဘူး ......မာကြောအေးစက်တဲ့ ထိတွေ့မှု။
မလိုချင်ဘူး...........တန်ပြန်နာကျင်စေမှု။
မခံစားချင်ဘူး.......နှုတ်ဆိတ်ငြိမ်သက်မှု။
မမွန်းကြပ်ချင်ဘူး...ကန့်သတ်လှောင်ပိတ်မှု။
သူ့ခံစားချက်တွေကို သူကိုယ်တိုင် နံရံတစ်ခုအဖြစ် ကာရံခဲ့တယ်။
ချစ်သူကို ရင်ထဲရောက်မလာအောင် သူကိုယ်တိုင် ပိတ်ပင်ခဲ့တယ်။
နွေးထွေးမှုပေးချင်တိုင်း သူကိုယ်တိုင် အေးစက်ခဲ့တယ်။
သူ့ကိုယ်ပိုင် နားတစ်စုံနဲ့ သူကိုယ်တိုင် နှုတ်ပိတ်ခဲ့.......
သူ့မျက်ဝန်းတစုံနဲ့ သူကိုယ်တိုင် လမ်းပိတ်ခဲ့...............
ဒီလိုနံရံတခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ.....
ကောင်မလေးတစ်ယောက် သူမရဲ့တန်ဖိုးကို သူကိုယ်တိုင် ပြန်သတ်မှတ်ခဲ့တယ်။
နံရံထက်မှာ ........
ဖွဖွလေးနဲ့ ခပ်ဝိုင်းဝိုင်း ရေးတဲ့ “သုည” တစ်လုံး.....။

သို့-------“........................”
မှ- မေအိ
မှ- မေအိ
5 comments:
နံရံက အပေါက်လေးနဲ့နော် :-)
ဟုတ်တယ် ခေါင်းနဲ့ဝင်ဝင်တိုးလွန်းလို့ ပေါက်သွားတာ..
ပေါက်မြောက် သွားတာပေါ့လေ.. :P
ဟီး..ဟီး...အပေါက်လေးက သေးသေးလေးမှမဟုတ်ပဲ
အကြီး ကြီးပဲ....:P
အစ်မ က ခေါင်းကြီးတယ်လေ ကွယ် .. :P
အစ်မ က ခေါင်းကြီးတယ်လေ ကွယ် .. :P
Post a Comment