9/14/2009

ညည်းဖြစ်တဲ့ သီချင်းများ

(ခုတလော ခေါင်းက ဒူနေတယ် ဘာမှမထွက်ဘူး လူကလဲ ယောင်ခြောက်ဆယ်လိုပဲ ဒါနဲ့ ဒီသီချင်းတွေပဲ အားအားရှိ အော်ချင်ချင်ဖြစ်နေတာနဲ့ ပဲ အမှတ်တရ ချရေးလိုက်ပါတယ်...)

နေသားမကျဘူး ကွက်လပ်များနဲ့ .. အဆင်လည်း မပြေဘူး တစ်ယောက်ထဲ ကြေကွဲတယ် အရင်နေ့ရက်များ တမ်းတလည်းပဲ အိမ်မက်တွေလိုပါပဲ........။

မတားနဲ့တော့လေ အဆိုးအမိုက်ကြိုက်သလို ဝေဖန်ပါ ငါဝန်ခံဖြောင့်ချက်လေးပေး.. အဘယ်ကြောင့်ဆိုသော် အားကြီးလွန်းတဲ့ သက်ရောက်မှူတခုကြောင့်...။

အချစ်က အကြီးမားဆုံးအဖြစ် နေရာယူထားတော့ ငါဟာရိုးသာစွာ နမ်းရှိုက်ခဲ့သူ အပိုတွေငါမပြောတတ်.. မင်းဘေးက ချစ်သူထက် ငါဟာ အဖြူသက်သက် ဒီအချိန်မှာ အစမ်းသပ်ခံ ငါ့ရဲ့ အသည်းကို နင်လေ ချန်လို့ ငဲ့ ..ရပါတယ်...။

ရှေးရှေးတုန်းကတော့ ငါ့မှာ အချစ်ကို ရူးရူးမူးမူးကိုးကွယ်ခဲ့..မင်းခိုင်းသမျှ ခေါင်းညိတ်လို့ လုပ်တယ် ဆပ်ကပ်ထဲက မျောက်လိုပဲ မင်းပါးစပ်က ပြောလိုက်တဲ့ စကားကို ”အမိန့်”လို့ ဦးထိပ်ပန်ရွက်ဆင်ရင်း.. ရိုးရိုးသားသားဆုံး သိပ်ယုံလိုက်တယ်....။
ငါဟာ ရာဇ၀င်တွေ ရိုင်းသွားတယ်...။

အားလုံးကပြောကြတယ် ဒီကောင်လေး သိပ်ရိုးတယ်..တိတ်တခိုးမှာ သိပ်ဆိုးတာ သူတို့မှာ မသိကြပဲ.. အားလုံးကလက်ခုပ်တီးတယ် သူအရမ်းတော်လွန်းတယ် အားလုံးကပြောကြတယ် အမှန်နဲ့ အမှားကို ရွေးချယ်! မှန်သင့်သလောက်မှန်လိမ့်မယ် ငါ့အတွက်တော့ မဟုတ်ခဲ့ဘူး .. မကျေနပ်ပါ အမြင်ကတ်တယ် အချစ်အတွက်တော့ မင်းက လုံးဝ မက်လောက်စရာ တကွက်မှမရှိ ..ဒီလိုငါ တွေဝေနေရင် အသက်တိုသွားလိမ့်မယ်...။

နောက်ထပ်တွဲဖို့ အားအင်လဲ ငါ ရင်ထဲ ကုန်ခမ်းလို့ နေပြီ .. ငါလေ အရူးတော့ မဖြစ်ချင်ဘူး အဝေးကို ရှောင်ဖယ်နေစမ်းပါ ငါတကယ် ဇာတ်နာတယ် ဒီမျက်နှာ ကိုလေ ငါမကြည့်ချင်လို့ပါ နင်စော်ကားတာတွေ သိပ်များနေပြီ ငါ မဖြစ်ချင်လို့ပါ အမုန်းသမား...။

မျှော်လင့်မထားတတ်တာမျိုး တခါတလေ ဖြစ်တတ်တယ်ပေါ့ လောကကြီး...။ မထင်မှတ်ပဲ ဖြတ်တယ်ပေါ့ နင်ထွက်သွားတော့မယ်ပေါ?့ ခွင့်လွှတ်ပေးရမယ်ပေါ?့ မဖြစ်နိုင်တော့လို့ပါပေါ့? အယုံအကြည်လုံးဝ မရှိဘူး ဘာကိုမှမသိချင်ဘူး ချုံခိုမတိုက်ခိုက်ပါနဲ့ ငါဟာကျဆုံးနေသူ..။

ငါ့အတွက်တော့ မင်းရဲ့ အချစ်ဟာ အရာရာ အဆိပ်သီးပဲ ..ထားခဲ့တော့ မိုးသားအောက်မှာ ငါလေ တစ်ယောက်ထဲပဲ ..လှည့်မကြည့်နဲ့ မင်းထွက်သွားပါ လေဆန်ရာ လက်လွဲ .. အဆုံးသတ်စို့ တို့ရဲ့ အချစ်တွေ ဇာတ်သိမ်းခန်းရောက်ပြီလေ...။

အရာရာဟာ ပြောင်းလဲနေပါတယ် မင်းအတွက် ငါ အသုံးမကျတော့ပြီပဲ ဘာကိုမှ ရှင်းပြမနေပါနဲ့ ..
အရာအားလုံးပြီးဆုံးခဲ့.....။

အိမ်မှာထိုင်ရင်းနဲ့ တနေကုန်ခဲ့.. ငါလုပ်သမျှ တခုမှ အသုံးမကျတော့ ကျိန်ဆဲ.. လူတွေက မေးရော ဆိုတော့လည်း ... ငါအမြှုပ်ထွက်မတက် ရှင်းဆဲ...။

tag > ဇောင်း အနော ရတုရင်ညို

1 comment:

ဇောင်း said...

စိတ်တွေထိန်းပါ ဒေါ်မေအိရယ်......၊
သီချင်းတညည်းလုပ်နေတဲ့အခါ
ရွာက စာဥမ ကို သတိရမိသလိုပဲ :P