ဆည်းဆာ..
စီးဆင်းနေသော မြစ်၏ နံဘေးတွင်
လွမ်းဆွေးနေသည့်
ကမ်းပါးတွေရှိသည် ။
တစ်ဦး နှင့် တစ်ဦး အချစ်မှန်လျင်
ငှက်ကလေးတွေပင်
အတူပျံသန်းခွင့် ရပါသည် ။
တစ်ခါရံ၌ တိမ်တွေလှပခဲ့သည်ကို
တစ်ဘ၀လုံး မျှော်တွေး၍
ကောင်း ကင် ငေး သူ ။
အဝေးမှ ညနေသည်
အတောင်ပါသော
အလွမ်းများပင် ဖြစ်သည် ။
ချစ်သူခြင်းပေါင်းရသော ကမ္ဘာ၌သာ
လူ အဖြစ်ကို ကျွန်တော် ရလိုသည်၊
ချစ်သူခြင်းပေါင်းရသော ကမ္ဘာ၌သာ
လူ့  အဖြစ်ကို ကျွန်တော် ရလို၏ ။ ။
လွမ်းဆွေးနေသည့်
ကမ်းပါးတွေရှိသည် ။
တစ်ဦး နှင့် တစ်ဦး အချစ်မှန်လျင်
ငှက်ကလေးတွေပင်
အတူပျံသန်းခွင့် ရပါသည် ။
တစ်ခါရံ၌ တိမ်တွေလှပခဲ့သည်ကို
တစ်ဘ၀လုံး မျှော်တွေး၍
ကောင်း ကင် ငေး သူ ။
အဝေးမှ ညနေသည်
အတောင်ပါသော
အလွမ်းများပင် ဖြစ်သည် ။
ချစ်သူခြင်းပေါင်းရသော ကမ္ဘာ၌သာ
လူ အဖြစ်ကို ကျွန်တော် ရလိုသည်၊
ချစ်သူခြင်းပေါင်းရသော ကမ္ဘာ၌သာ
လူ့  အဖြစ်ကို ကျွန်တော် ရလို၏ ။ ။
မောင်သိန်းဇော် (ရွှေပွင့်လွှာ)....မှ
1 comment:
ဝင်ခဲ့ပါဆိုလို့ ၀င်ခဲ့ပါဘီ ကဗျာလေးများခံစားသွားသည်
Post a Comment