1/11/2009

တောင်ကြီးချယ်ရီ နဲ့ အမေနေ့အလှူ

The Giver

My darling
I carried ten months
in my womb
golden bright like the moon
Oh darling dear!
I give you my heart
I give you my blood
For you to brighten
My golden moon....

၁၀.၁.၂၀၀၉ ရက်နေ့ ၊ပြာသို လပြည့်နေ့က “အမေများနေ့” ပါ။
တောင်ကြီးချယ်ရီက သူငယ်ချင်းတွေရဲ့ အမေနေ့ အလှူ အဖြစ် အေးစေတီကျောင်းတိုက်မှာ အတူတ ပါဝင်ပြီး သံဃာတော်အပါး ၂၀၀ကျော်ကို
နေ့ဆွမ်းဆပ်ကပ်ခဲ့ပါတယ်။
တပျော်တပါး ၀ိုင်းကူရင်း စနောက်ရင်းနဲ့ နောက်ဆုံး လှဲကျင်းဆေးကြောပြီးတဲ့အထိ ကုသိုလ်လုပ်ခဲ့ကြပါတယ်။
သူငယ်ချင်းတချို့တွေက သူတို့ကို တောင်ကြီးမှာပွင့်တဲ့ ချယ်ရီပန်းကို ကြည့်ချင်တယ်လို့ တောင်းတာတဲ့ သူငယ်ချင်းတွေကိုပေးဖို့
တောင်ပေါ်တက်ပြီး ဓါတ်ပုံရိုက်ခဲ့တဲ့ ချယ်ရီပန်းတွေပါ ပြပေးလိုက်တယ်နော် ။အလွမ်းပြေပေါ့။
နေ့လည် ၂နာရီကျော်တော့ အားလုံးနှုတ်ဆက်ပြီး အမေနေ့ အလှူပွဲလေး အဆုံးသတ်ခဲ့ပါတယ်။



ဓါတ်ပုံလေးတွေ ကြည့်လိုက်ပါဦး



No comments: